မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံမှု တိုးမြှင့်ရေး ဆွေးနွေး

မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံမှု တိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၄

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံသံ

အမတ်ကြီး. H.E. Mr. Mubarak M A Aladwani ကို ယနေ့ နံနက် ၁၁  နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်တာဝန် ပေးခြင်းခံရသည့် အတွက်  ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး  မြန်မာ-ကူဝိတ်နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆက်ဆံမှုတိုးမြှင့်ရေး၊ စွမ်းအင်နှင့်  ကုန်သွယ်ရေးကဏ္ဍများ အပါအဝင်   နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍    ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။