မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍ တို့တွင် အကျိုးတူ ဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်ကဏ္ဍ တို့တွင် အကျိုးတူ ဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၂၄

    အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော    ကူဝိတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mubarak M  A Aladwani  ကို  ယနေ့ မွန်းတည့် ၁၂နာရီတွင်   နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးကို ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့အကြား တည်ရှိပြီးဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စွမ်းအင်စသည့် ကဏ္ဍတို့တွင် အကျိုးတူဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်နားလည်မှု၊ ထောက်ခံမှုများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။