မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ္တော)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ္တော)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မန္တလေး  ဇန်နဝါရီ  ၂၄

မန္တလေး  ကွန်ပျူတာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် မန္တလေးကွန်ပျူတာတက္ကသိုလ်(ဒဟတ္တော)ရှိ စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် အတိတ်က သင်ခန်းစာယူစရာများကို အနာဂတ်တည်ဆောက်မှုတွင်အသုံးချပြီး နိုင်ငံနှင့် လူမျိုးတိုးတက်ရာ တိုးတက်ကြောင်းတို့ကို သင်ပြသွားကြရမည်ဖြစ်ကြောင်း၊သင်ကြားမှု စွမ်းရည်ထက်မြက်ပါက လူ့အဖွဲ့အစည်းနှင့် လူ့အသိုင်းအဝိုင်းတိုးတက်မှုအတွက် အရည်အချင်းပြည့်မီပြီး အသိအမြင်ကြွယ်ဝသည့် အသိပညာရှင် အတတ်ပညာရှင်များပေါ်ထွက်လာမည်ဖြစ်ကြောင်း  ပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းဖြင့်ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုငွေများချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နံနက်စာသုံံးဆောင်ခဲ့သည်။

၎င်းင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစည်းအဝေးခန်းမတွင် ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး  ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးကာ လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။