ထိုင်းအစိုးရက ယခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁ ၂ သန်းအသုံးပြုမည်

ထိုင်းအစိုးရက ယခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁ ၂ သန်းအသုံးပြုမည်

ထိုင်းအစိုးရက ယခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အမေရိကန်ဒေါ်လာ ၁၈၂ သန်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်မေလတွင် ကျင်းပသွားမည့် အဆိုပါအထွေထွေရွေးကောက်ပွဲအတွက် အသုံးစရိတ်ကို အစိုးရအဖွဲ့က ဇန်နဝါရီ ၂၄ ရက်တွင်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။

အမတ်နေရာ ၅၀၀ ရှိသည့် အောက် လွှတ်တော်သက်တမ်းသည် မတ် ၂၃ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် မေလတွင်ရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်လာခြင်းဖြစ်သည်။

ယခုရွေးကောက်ပွဲအတွက် ပြောင်းလဲမှုများစွာ လုပ်ဆောင်ထားသောကြောင့် ပါလန်းပရာချာရက်နှင့် ဖွေထိုင်းပါတီတို့ကဲ့သို့ ပါတီကြီးများအနေဖြင့် အသာစီး ရရှိထားသည်။

လာမည့်ရွေးကောက်ပွဲတွင်   ပါဝင်ယှဉ်ပြိုင်မည့်လက်ရှိဝန်ကြီးချုပ် ပရာယုချန်အိုချာက ယခုလအစောပိုင်းတွင် အသစ် ဖွဲ့စည်းလိုက်သော  ပါတီအသစ်ဖြစ်သည့် ရွမ်ထိုင်းဆန်းချာ့ပါတီသို့ ကူးပြောင်းထားသည်။

ရွမ်ထိုင်းဆန်းချာ့ပါတီသည်  ပရာယုချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်ထောက်ခံအမည်စာရင်း တင်သွင်း သွားမည်ဟု ကတိပြုထားသည်။

ထို့ကြောင့် ပရာယုချန်အိုချာအနေဖြင့် ဝန်ကြီးချုပ်အဖြစ် နောက်တစ်ဆက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွမ်ထိုင်းဆန်း ချာ့ပါတီက လွှတ်တော်အမတ်နေရာ ၂၅ နေရာကိုရရှိရန် လိုအပ်မည်ဖြစ်ပြီး ယင်းနောက်တွင်မှ  လွှတ်တော်က  ဝန်ကြီးချုပ်နေရာအတွက် မဲပေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:TST