ယခုဘဏ္ဍာနှစ်ကိုးလကျော်ကာလအတွင်း ပြည်ပသို့စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရရှိထား

ယခုဘဏ္ဍာနှစ်ကိုးလကျော်ကာလအတွင်း ပြည်ပသို့စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရရှိထား

ရန်ကုန်၊ စီးပွားရေး

ယခုဘဏ္ဍာနှစ် ကိုးလကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရရှိ ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ ဇန်နဝါရီ ၆ ရက်အထိ ပြည်ပသို့ စက်မှု ကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန် ဒေါ်လာ ၃၀၈၁ ဒသမ ၀၆၇ သန်းရရှိပြီး   ပုဂ္ဂလိကပိုင်မှ   အမေရိကန် ဒေါ်လာ ၅၆၀၁ ဒသမ ၈၈၃ သန်းရရှိ သည့်အတွက်   စုစုပေါင်း   အမေရိကန် ဒေါ်လာ ၈၆၈၂ ဒသမ  ၉၅  သန်းရရှိသည်။

ယခင်နှစ်ကာလတူအချိန်က ပြည်ပသို့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၄၆၅ ဒသမ ၆၆၅ သန်းရရှိခဲ့ပြီး ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၄၁၀၅ ဒသမ ၅၈၃ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၅၇၁ ဒသမ ၂၄၈ သန်းရရှိခဲ့ရာ ယခုဘဏ္ဍာနှစ်  ဧပြီ  ၁  ရက်မှ ဇန်နဝါရီ ၆ ရက်အထိနှင့် ယခင်ကာလတူ    နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၁၁၁ ဒသမ ၇၀၂ သန်း ပိုမိုရရှိကြောင်း သိရသည်။

ပြည်ပသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ စက်မှု ကုန်ချောနှင့် တခြားပို့ကုန်များတင်ပို့ရာ ပို့ကုန်တင်ပို့မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၇၅၁ ဒသမ ၂၃၄ သန်းရရှိခဲ့ရာ ယင်းပို့ကုန် များထဲတွင် စက်မှုကုန်ချောတင်ပို့မှုမှ အများဆုံးရရှိခြင်း ဖြစ်သည်။

ထို့ပြင် အဓိကပို့ကုန် စက်မှုကုန်ချော ဖြစ်သော ချုပ်ပြီးအထည်တင်ပို့မှုသည် ပို့ကုန်တင်ပို့မှုများအနက် အများဆုံးဖြစ်ပြီး သကြား၊   လက်ဝတ်ရတနာနှင့် သဘာ၀ ဓာတ်ငွေ့စသည်တို့ကိုလည်း တင်ပို့ကြောင်း သိရသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP  တို့ကိုလည်း  တင်သွင်းကြောင်း သိရသည်။

စောယု