သထုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

သထုံမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်

သထုံ၊ သင်တန်း

မွန်ပြည်နယ် သထုံမြို့နယ်၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ     စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်တွင် လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးခန်းမ၌ကျင်းပသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဆန်းဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မှတ်တမ်းရုပ်သံအား ပြသရှင်းလင်း ခဲ့သည်။

သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များ၊ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး စသည့်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတို့ကို ဆွေးနွေးပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိပြီး မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ချမ်းမြေ့