လားရှိုးမြို့နယ်၌ နာနတ်သီးနှင့်ပတ်သက်သည့် ထုတ်ကုန်ပြုလုပ်နည်း သင်တန်းဆင်း

လားရှိုးမြို့နယ်၌ နာနတ်သီးနှင့်ပတ်သက်သည့် ထုတ်ကုန်ပြုလုပ်နည်း သင်တန်းဆင်း

လားရှိုး၊ သင်တန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ ကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နာနတ်သီးနှင့် ပတ်သက်သည့် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကို ဇန်နဝါရီ ၂၄ ရက်တွင် လားရှိုးမြို့နယ် စယ်အင်ကျေးရွာ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ လားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးဘရန်ဆိုင်းက သင်တန်းသူများ အနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးသောအတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကာ မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကြသည်။

အဆိုပါသင်တန်းကို လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး   သင်တန်းတွင် နာနတ်သီးဖြင့် ယိုအမျိုးမျိုး ပြုလုပ်နည်းကို စာတွေ့လက်တွေ့ ၁၀ ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဖြိုးထက်အောင်