ဥက္ကလာဂေါက်ကွင်းတွင် တစ်ချက်တည်းကျင်းဝင်

ရန်ကုန်  ဇန်နဝါရီ  ၂၄

ဥက္ကလာဂေါက်ကွင်းတွင် တစ်ချက်တည်းကျင်းဝင်

ဥက္ကလာဂေါက်ကွင်းသည် ရန်ကုန်မြို့တွင်းနှင့် အနီးစပ်ဆုံးနေရာတွင် တည်ရှိပြီး နိုင်ငံတကာအဆင့်မီ ကျင်း ၂၇ ကျင်း ပါဝင်သော ဂေါက်ကွင်းအဖြစ် အဆင့်မြှင့်တင်ထားရှိကာ နေ့ဘက်တွင် မအားလပ်သူများအတွက် ညဘက်တွင်ပါ Night Golf ကစားနိုင်ရန် စီစဉ်ပေးထားခြင်းများ အပါအဝင် အဆင့်မီဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသောကြောင့် ပြည်တွင်း/ပြည်ပ ဂေါက်သီးရိုက်     အားကစားသမားများ အများအပြား လာရောက်ကစားလျက်ရှိရာ ဇန်နဝါရီ ၂၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဂေါက်သီးရိုက် ကစားသမား ဦးသက်ခိုင်သည် ကစားဖော်များဖြစ်သော ဦးကျော်ကျော်၊ ဦးအောင်ဦးတို့နှင့်အတူ ဂေါက်သီးရိုက် ကစားစဉ် ကျင်း အမှတ် (၇) ၌  Taylor Made – 2 ဘောလုံးကို XXI0 Iron -7 တုတ်ဖြင့် ၁၄၇ ကိုက် အကွာအဝေးမှရိုက်ရာ တစ်ချက်တည်း ကျင်းဝင် (Hole In One) သွားခဲ့သည်။

Hole In One ရရှိသော အဆိုပါကစားသမားကို ဥက္ကလာဂေါက်ကွင်းမှ TRISTAR အမှတ်တံဆိပ် တာယာနှစ်လုံး၊ တစ်လ အတွင်း အခမဲ့ဂေါက်သီးရိုက် ကစားခွင့်ငါးကြိမ် လက်မှတ်များကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဥက္ကလာဂေါက်ကွင်းတွင် Hole In One ရရှိခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် (၆၆)ကြိမ်မြောက် ရရှိခြင်း ဖြစ်သည်။

ဥက္ကလာဂေါက်ကွင်းအား နိုင်ငံတကာအဆင့်မီဂေါက်ကွင်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပြီး လာရောက်ကစားသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး  လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေပြီး ယခုကာလ၌ အထူးဈေးနှုန်းများ သတ်မှတ်၍ ဝန်ဆောင်မှုပေးထားလျက် ရှိကြောင်း သတင်းရရှိသည်။

(၅၀၀)