KNDO တပ်ရင်း(၆)မှ အကြမ်းဖက် မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား မီးရှိုဖျက်ဆီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်

KNDO တပ်ရင်း(၆)မှ အကြမ်းဖက် မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား မီးရှိုဖျက်ဆီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

            ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဇန်နဝါရီ ၂၄ ရက်တွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတားဦး ကျေးရွာဘက်မှ ကမ်းနီကျေးရွာဘက်သို့ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး ကမ်းနီကျေးရွာရှိ လူနေအိမ် ၁ လုံးအား အကြောင်းမဲ့မီးရှိုဖျက်ဆီးကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်၍ ကော့ကျိုက်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း၊ ထိုသို့ မီးရှိုဖျက်ဆီးမှုကြောင့်  ကျေးရွာအတွင်းရှိ နေအိမ်များအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

            အလားတူ ဇန်နဝါရီ ၂၄ ရက် နံနက် ၃ နာရီခန့်တွင် အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့လာရောက် မီးရှိုဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

            အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။