ကျိုက်ထီးရိုးဘုရားဖူးမြော်ရန် လာရောက်သည့် ဘုရားဖူးမော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဘုရားဖူးပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ကျိုက်ထီးရိုးဘုရားဖူးမြော်ရန် လာရောက်သည့် ဘုရားဖူးမော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက ဗုံးပစ်လောင်ချာဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ဘုရားဖူးပြည်သူ အမျိုးသား ၁ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

            မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း NUG ၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရားဖူးမြှော်ရန် လာရောက်သည့် မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူးမိဘပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

            ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့မှ ဦးသီဟမောင်မောင် မောင်းနှင်၍ ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာသည့် မော်တော်ယာဉ်သည် ယနေ့မွန်းလွှဲ ၁၁ နာရီ ၄၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးသို့ရောက်ရှိစဉ် NUG ၊ CRPH လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များက ဗုံးပစ်လောင်ချာဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်အား ဗုံးသီးထိမှန်ခဲ့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့ဘုရားဖူး မိဘပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၅ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာ ရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရှိရသည်။

            အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ဆေးရုံ၊ စာသင်ကျောင်း၊ လူနေအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အပြင် အများ ပြည်သူ ယုံကြည်ကိုးကွယ်ရာဖြစ်သော ဘာသာရေးဆိုင်ရာ ဘုရား၊ ကျောင်းကန်များအထိ ယုတ်မာရိုင်းစိုင်းသည့် အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာသည်ကို သိရှိရသည်။

            အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်းလက်တွဲကာ  လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။