တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

        တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဘုရားစေတီများသို့ ဘုရားဖူးလာရောက်ကြမည့် ရဟန်းသံဃာတော်များ၊ အများပြည်သူများ စိတ်အေးချမ်း သာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညိုနိုင်စေရန်နှင့် ဘုရားစေတီပုထိုး တော်များ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက်  သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သန့်ရှင်း ရေးလုပ်ငန်းများ ကုသိုလ်ပြုစုပေါင်းဆောင်ရွက်လျက်ရှိသည်။

        ထိုသို့ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်(၈)နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၄)မြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိမြို့နယ်(၃)မြို့နယ်တို့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၉)မြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့၊ လေးကျွန်းဆီမီး စေတီတော်မြတ်ကြီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့ နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၂)မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၂)မြို့နယ်တို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ရှိ နန်းတော်ဦးလောက မာရဇိန်စေတီမြတ်ကြီး၌ လည်းကောင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများတူးဖော်ပေးခြင်း၊ ဘုရား၊ စေတီများနှင့် ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ပေးခြင်း၊ ထုံးသင်္ကန်းများ ဆက်ကပ်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ကြသည်။

        ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်များမှ   တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။