၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ အားကစားနည်း အလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်မှ အားကစားနည်း အလိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

        ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းသားအား ကစားပွဲတော်မှ သက် ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းရုံ များတွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆီမီးဖိုင်နယ်နှင့်ဖိုင်နယ်ပွဲစဉ်များကို ဆက် လက်ယှဉ်ပြိုင်ကစားကြသည်။

        ယနေ့ညနေပိုင်းတွင်ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲမှ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားကြသည်။

အဆိုပါယှဉ်ပြိုင်ကစားနေမှုများအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချူပ် ကြီးသက်ပုံ၊ ဒုတိယဗိုလ်ချူပ်ကြီး အောင်အောင်၊ ဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကျောင်းသား ကျောင်းသူ အား ကစားမောင်မယ် များလာရောက် ကြည့်ရှုအားပေးသည်။

ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Boxing အားကစားခန်းမ တွင်ကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၂ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

        ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံတွင် ကျင်းပသည့် အမျိုးသမီးဘော်လီဘော ဆီမီးဖိုင်နယ် ပွဲစဉ်တွင်ဧရာဝတီတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၃ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက မကွေး တိုင်းဒေသကြီးအသင်းကို ၃ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိကြပြီး အမျိုးသားဘော်လီဘော ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ကချင် ပြည်နယ်အသင်းကို ၃ပွဲ ၁ပွဲဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်ကောင်စီနယ်မြေအသင်းကို ၃ပွဲ ၂ပွဲဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကြကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြပြီဖြစ်သည်။

မနက်ပိုင်းတွင်ကျင်းပသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းက  ကချင်ပြည်နယ်အသင်းကို ၂ဂိုး၁ ဂိုးဖြင့်လည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို ၂ဂိုး ၀ ဖြင့်လည်း ကောင်းအသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။

ညနေပိုင်းတွင်ကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို ၃ဂိုး၂ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို     ၆ဂိုး  ၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားကြသည်။

ဇန်နဝါရီ၂၆(ယနေ့)တွင် ဘော်လီဘော (အမျိုးသား၊အမျိုးသမီး) ဗိုလ်လုပွဲစဉ် များကိုလည်းကောင်း၊ ဇန်နဝါရီ ၂၇ တွင်ဘောလုံး (အမျိုး သား၊အမျိုးသမီး) ဗိုလ်လုပွဲစဉ်များကိုလည်းကောင်းဆက်လက်ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။