မိုးညှင်းမြို့နယ်၌ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မိုးညှင်းမြို့နယ်၌ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် လုံးစန့်ကျေးရွာတွင်း ကွန်ကရစ် ကာတုံးဖြင့်   သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း   ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၂၅ ရက်တွင် တာဝန်ရှိသူများက   ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

အဆိုပါ အရှည် ပေ ၁၆၅၀ ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိ သဲကျောက် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (ဠီဏ) ရန်ပုံငွေ  ငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေ  ငွေကျပ် ၂၉ သိန်း စုစုပေါင်း ငွေကျပ် ၁၂၉ သိန်းဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ဦးစီးမှူး  ဦးမြသိန်းဝင်းနှင့်  တာဝန်ရှိသူများက  မြေပြင် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကာ ကျေးရွာကော်မတီဝင်များအား   ဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားတတ်စေရန်၊ အကျိုးရှိစွာ အသုံးပြုကြစေရန်နှင့်   လည်ပတ်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း   ကျေးရွာနေပြည်သူများက    ဝိုင်းဝန်းဆောင်ရွက်ကြစေရန် ဆွေးနွေး ပြောကြားကြသည်။

လုံးစန့်ကျေးရွာ၌ ကွန်ကရစ်ကာတုံးဖြင့် သဲကျောက်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ကျေးရွာနေအိမ်ထောင်စု ၂၆၃ စု လူဦးရေ ၁၃၃၃ ဦးအတွက် လမ်းပန်းဆက်သွယ်ရေး  ပိုမိုကောင်းမွန်လာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။