ဖိလစ်ပိုင်လေတပ်မှ အမောင်းသင်လေယာဉ်တစ်စင်းပျက်ကျ လေသူရဲနှစ်ဦးစလုံးသေဆုံး

ဖိလစ်ပိုင်လေတပ်မှ အမောင်းသင်လေယာဉ်တစ်စင်းပျက်ကျ လေသူရဲနှစ်ဦးစလုံးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၏လေတပ်မှ အမောင်းသင် လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ပိုင်လာမြို့ရှိ လယ်ကွင်းတစ်ခု အတွင်းပျက်ကျမှုဖြစ်ပွားရာ   လေသူရဲနှစ်ဦးစလုံးသေဆုံးသွားကြောင်း   သိရသည်။

အဆိုပါလေယာဉ်သည်  လေတပ်၏အမှတ်(၁၅)တိုက်ခိုက်ရေးအုပ်မှ   SIAI-Marchetti  SF260  TP အမျိုးအစား အမောင်းသင်လေယာဉ်ဖြစ်ကြောင်း လေတပ် မှပြောရေးဆိုခွင့်ရှိသူ မာရီယာကွန်ဆူလို ကက်စတီလိုကပြောသည်။

ထိုလေယာဉ်သည်  ဆန်ဂလေပွိုင့်ရှိ လေတပ်စခန်းမှ ဒေသစံတော်ချိန်နံနက် ၁၀ နာရီမတိုင်မီတွင် ထွက်ခွာသွားခြင်း ဖြစ်ပြီး ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ပျက်ကျ သွားခြင်းဖြစ်သည်။

ဖိလစ်ပိုင်လေတပ်အနေဖြင့် ယခုအခါ  SIAI-Marchetti  SF260  TP လေယာဉ် များအားလုံးကို ပျံသန်းခွင့်ရပ်ဆိုင်းလိုက်ပြီး  လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိ သည်။

ထိုလေယာဉ်အမျိုးအစားသည် လှုပ်ရှားစစ်ကစားမှု ကောင်းမွန်သည့် အမောင်းသင် လေယာဉ်ဖြစ်သည့်အပြင် ၎င်းကို အပေါ့စား တိုက်ခိုက်ရေးလေယာဉ်အဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့်  ၂၀၁၇ ခုနှစ်တွင် မာရာဝီမြို့၌ လုပ်ဆောင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် အသုံးဝင်သည့် လေယာဉ်ဖြစ်ခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူက ဆက်ပြောသည်။

Ref: TST