ဂျိုဟိုးပြည်နယ်၌ရေကြီးမှု ရေဘေးဒုက္ခသည် ၄၀၀၀ ကျော်အထိမြင့်တက်လာ

ဂျိုဟိုးပြည်နယ်၌ရေကြီးမှု ရေဘေးဒုက္ခသည် ၄၀၀၀ ကျော်အထိမြင့်တက်လာ

မလေးရှားနိုင်ငံ   ဂျိုဟိုးပြည်နယ်၌ ဖြစ်ပွားနေသောရေကြီးမှုကြောင့် ဇန်နဝါရီ ၂၅ ရက်တွင် ရေဘေးဒုက္ခသည် ၄၀၀၀ ကျော်အထိ  မြင့်တက်လာကြောင်း သိရသည်။

ထို့အတူ ဂျိုဟိုးပြည်နယ်နှင့် ဆာဘားပြည်နယ်တို့၌ မိုးသည်းထန်စွာရွာသွန်းမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း  မလေးရှားမိုးလေဝသဌာနက သတိပေးထားသည်။

လက်ရှိအချိန်တွင် ရေဘေးဒုက္ခသည် ၄၃၆၈ ဦးရှိပြီး ခရိုင်လေးခုရှိ ကယ်ဆယ်ရေးစခန်း ၄၄ ခုတွင် အဆိုပါဒုက္ခသည်များကို ကယ်ဆယ်ထားကြောင်း ပြည်နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။

ပထမအကျော့နှင့်  ဒုတိယအကျော့မုတ်သုံရာသီသည်  ဒီဇင်ဘာလအတွင်းဖြစ်ပေါ်ပြီး တတိယအကျော ့မုတ်သုံရာသီ မှာ ဇန်နဝါရီ ၂၄ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူစတင်ကာ ဇန်နဝါရီ ၃၀ ရက်အထိကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း   အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။                      

Ref:TST