လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်(SMIS) စမ်းသပ် အသုံးပြုခြင်းနှင့် Excel Data Migration  ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ

 

လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်(SMIS) စမ်းသပ် အသုံးပြုခြင်းနှင့် Excel Data Migration  ပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၅

    လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) စမ်းသပ်အသုံးပြုခြင်းနှင့်  Excel  Data Migrationပြုလုပ်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအမျိုးသား အဆင့် လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်တွင် ပါဝင်သည့်  အဓိက လုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့်    ၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCTွှ) လူမှုရေးပင်စင် အစီအစဉ်နှင့် လူမှုဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ် တို့ကို SMIS Platform တစ်ခုတည်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်သတင်း နည်းပညာဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲခဲ့ရာ ယခုဆိုလျှင်   လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (SMIS) အကောင်အထည်ပေါ် အောင်မြင်ခဲ့ပြီဖြစ်ကြောင်း။

Social Pension အစီအစဉ်နှင့် MCCT အစီအစဉ်တို့တွင် လက်ရှိအကျိုးခံစား လျက်ရှိသည့် အကျိုးခံစားခွင့်ရှိသူ စာရင်းများအား SMIS  စနစ်အတွင်းသို့ Data Migrationပြုလုပ်ဆောင်ရွက်နိုင်ရန်နှင့် SMISစနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ယခုလအတွင်း ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ Social Pension အစီအစဉ်၏  Data Migration သင်တန်းပို့ချရန်ကျန်ရှိသည့် မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ   သင်တန်းသားများနှင့် ယခုကဲ့သို့ ဒုတိယအကြိမ် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊  သင်တန်းသား၊ သင်တန်းသူများ အနေဖြင့်လည်း နည်းပြပညာရှင်များ၏ သင်ကြားပြသပေးမှုများအား အထူးဂရုပြု အလေးအနက်ထားပြီး   လိုက်နာသင်ယူ သွားကြရန် အရေးကြီးကြောင်း၊ SMIS Software  နှင့်   ဆောင်ရွက်ခြင်းဖြင့် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ ဝန်ဆောင်မှုပေးသော လုပ်ငန်းများ   ပိုမိုကောင်းမွန်ထိရောက် လာစေခြင်းနှင့် သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်မတော် သတင်းနည်းပညာ ဌာနမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။