မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ငှက်မျိုးစိတ် ၁ ၁ မျိုး ငှက်အကောင်ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စားလျက်ရှိ

မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ငှက်မျိုးစိတ် ၁ ၁ မျိုး ငှက်အကောင်ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စားလျက်ရှိ

ဘိုကလေး၊ သားငှက်ထိန်းသိမ်းရေး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ငှက်မျိုးစိတ် ၁၈၁ မျိုး ငှက်အကောင် ရေ ၁၀၀၀၀ ကျော် ဝင်ရောက်ကျက်စားလျက်ရှိကြောင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ကောက်ယူထားတဲ့စာရင်းအရ ဆောင်းခိုငှက် ၄၆ မျိုး အကောင်ရေ ၆၂၉၃ ကောင်၊ ဌာနေငှက် ၁၃၅ မျိုး အကောင်ရေ ၄၃၀၆ ကောင်စုစုပေါင်းငှက်မျိုးစိတ် ၁၈၁ မျိုး အကောင်ရေ ၁၀၅၉၉ ကောင် ဝင်ရောက်ကျက်စားလျက်ရှိပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ဒီဇင်ဘာလမှစတင်ကာ ဆောင်းခိုငှက်များ ဝင်ရောက်သည့်အတွက် ဆောင်းခိုငှက်စာရင်း ကောက်ယူခြင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ကောက်ယူထားပြီး ကယက်ကြီးကျွန်း၊ ငမန်းသောင်ကျွန်းနှင့် ကတုံကလေးကျွန်းတို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်မှ ၁၄ ရက်အထိ စာရင်းကောက်ယူထားခြင်းဖြစ်သည်။

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရေချိုရေငန်စပ်ဒေသတစ်ခုဖြစ်ပြီး ရေချိုရေငန်စပ်မိကျောင်းများအပြင်   နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ၊ ဌာနေငှက်များနှင့် ဆောင်းခိုငှက်များ ကျက်စားလျက်ရှိသည်။ မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောသည် ကမ္ဘာပေါ်ရှိ ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း East Asian-Australasian Flyway တွင်ပါဝင် သည့်အတွက် အဆိုပါဘေးမဲ့တောဝန်းကျင်၌  ဆောင်းရာသီကာလတွင် ဒေသရွှေ့ပြောင်း ဆောင်းခိုငှက် မျိုးစိတ်များ၊ သစ်တော ငှက်များနှင့် ရေပျော်ငှက်များ ကျက်စားခြင်းဖြစ်ကြောင်း သိရသည်။             

စောယု