(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ် ကွက်ရှိ ပြည်ထောင်စုဈေးသစ်ဖွင့်ပွဲပြုလုပ်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ် ကွက်ရှိ ပြည်ထောင်စုဈေးသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဈေးသစ် မုခ်ဦးရှေ့၌ပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဈေးသစ်နှင့် ပတ်သက်သည့် အချက်အလက် များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စု ဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။