နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

          နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့များက ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ ကျေးလက် ကျန်းမာရေးဌာန၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာ၊ ဝဲကြီးပရိယတ္တိစာသင်တိုက်နှင့် ဥတ္တရသီရိမြို့နယ်၊ ပိုတက်ကျေးရွာ၊ စိုက်ပျိုးရေး KC ရုံးတို့၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၂၁ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိပ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေ စမ်းသပ်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။