မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ စုံညီပွဲတော် အခမ်းအနား တိုက်ရိုက် ထုတ်လွှင့်မည်

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီ စုံညီပွဲတော် အခမ်းအနား တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော်  ဇန်နဝါရီ  ၂၆

    တစ်နိုင်ငံလုံးပစ်ခတ်မှု ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသော အားဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ မန္တလေးတိုင်း ဒေသကြီး လူငယ်ရေးရာ ကော်မတီစုံညီပွဲတော် အခမ်းအနားကို  ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနား ကျင်းပပုံများကို  ယင်းနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား MRTV-HD Channel ၊ MWD  HD  Channel ၊ MWD Variety  HD  Channel ၊ MRTV-News Channel ၊ MRTV  တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ MRTV  Website နှင့် မြန်မာ့အသံ ရေဒီယိုတို့မှ   တိုက်ရိုက်(Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။