၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် အားကစားနည်းအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၆

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစတင်၍  ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌  ဆက်လက်ယှဉ်ပြိုင် ကစားကြရာ အမျိုးသမီးဘော်လီဘောဗိုလ်လု ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းက  ဧရာဝတီတိုင်း ဒေသကြီးအသင်းကို ပွဲ ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘော ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ပွဲ ပွဲဖြင့် လည်းကောင်း အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါယှဉ်ပြိုင်ကစားနေမှုများကို  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး များဖြစ်ကြသော  ဦးဇော်ဝင်း၊ ဒေါက်တာ ဇော်မြင့်၊ ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် သက်အောင်၊ ဗိုလ်ချုပ်နေမျိုးဦး၊ ဗိုလ်မှူးချုပ်လှမိုး၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ် များနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးကြသည်။

ဇန်နဝါရီ ၂၇ ရက်တွင် ဘောလုံး(အမျိုးသား၊အမျိုးသမီးဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။