ရုရှား-မြန်မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

ရုရှား-မြန်မာနှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်  ဇန်နဝါရီ  ၂၆

 

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်  ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ (Mr. Anatoly Bulochnikov, Senior Vice-President of the Russia-Myanmar  Association) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကို   ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌  တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ငါးဖမ်းကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဖက်ဒရေးရှင်း ငါးလုပ်ငန်းအေဂျင်စီနှင့်    ပူးပေါင်းဆောင်ရွက်ချက်များ၊   နှစ်နိုင်ငံလယ်ယာထွက်ကုန်ပစ္စည်း

ကုန်သွယ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာများ၊   ရုရှားသိပ္ပံ ဆိုင်ရာအဖွဲ့အစည်းများနှင့်  ပူးပေါင်း၍ မြန်မာနိုင်ငံစိုက်ပျိုးရေးသီးနှံများ၏ အပင်ဇီဝအရင်းအမြစ်များ  စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းအပါအဝင် လယ်ယာကဏ္ဍဆိုင်ရာ   နည်းပညာနှင့် တီထွင်ဆန်းသစ်မှု တိုးတက်ရေး လုပ်ငန်းရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ နှစ်နိုင်ငံပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးဆိုင်ရာများကိုလည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။