တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ အာယုဒါန ဆေးရုံတော်၌ မျက်စိစမ်းသပ်ကုသများအား ကြည့်ရှုအားပေး

တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ အာယုဒါန ဆေးရုံတော်၌ မျက်စိစမ်းသပ်ကုသများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါန ဆေးရုံတော်၌ ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူ များ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက  လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ သီတဂူကေတုမတီ တက္ကသိုလ် ကျောင်းအုပ် ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ တိက္ခသာရ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

      အဆိုပါ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊ အာယုဒါနဆေးရုံတော်သည် သီတဂူဗုဒ္ဓ တက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ  အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင် နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တည်ထောင်တော်မူသည့် ဆေးရုံတော်(၄၇)ခုအနက် (၄၀)ခုမြောက် အာယုဒါန ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင် တစ်နေ့လျှင် ၁၅၀ ဦးခန့်အား မျက်စိစမ်းသပ်စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်း၊ မျက်လုံးအစားထိုး ကုသခြင်းများကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။