ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ၌ (၂၂)ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှုနှစ်သစ် ကူးပွဲတော်ကျင်းပ

ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ၌ (၂၂)ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှုနှစ်သစ် ကူးပွဲတော်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

       ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာ၌(၂၂)ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လားဟူတိုင်းရင်းသားများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားပြီး လားဟူအမျိုးသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက နှစ်သစ်ကူးပွဲတော် ကျင်းပရင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများအား လားဟူ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ရိုးရာဖြစ်သည့် ရေဖြင့်လက်ဆေးမင်္ဂလာ ဂါရဝပြု ခြင်းဖြင့် လားဟူတိုင်းရင်းသား လူငယ်များက ဂါရဝပြုကြသည်။ ယင်းနောက် လားဟူ တိုင်းရင်းသားများက ရိုးရာအကအလှများ၊ လားဟူရိုးရာမြေဝိုင်းအကတို့ဖြင့် ကပြ ဖျော်ဖြေကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက (၂၂)ကြိမ်မြောက် လားဟူရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် လားဟူတိုင်းရင်းသား ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လားဟူအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။