မန္တလေးဘဏ်ခွဲ ရုံးအဆောက်အဦအသစ် ပန္နက်တော်တင် မင်္ဂလာပြုလုပ်

မန္တလေးဘဏ်ခွဲ ရုံးအဆောက်အဦအသစ် ပန္နက်တော်တင် မင်္ဂလာပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ -၂၇

      မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲ၊ ရုံးအဆောက်အဦအသစ် ပန္နက်တော်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဆင်ဖြူကန်ကွင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ ဗဟိုဘဏ်ဥက္ကဋ္ဌက မင်္ဂလာပန္နက်တိုင်အား စတင်၍ ပန္နက်တော် တင်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဖိတ်ကြားထား သူများက မင်္ဂလာပန္နက်တိုင်များအား ပန္နက်တော်တင်ခြင်း ပြုလုပ်ကြပြီး အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

    အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မန္တလေးဘဏ်ခွဲသည် ယခင်က ဌာနပိုင် အဆောက်အဦမရှိခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီတာဝန် ယူသည့် အချိန်မှသာ ပေါ်ထွန်းလာရခြင်းဖြစ်ပြီး ရုံးအဆောက်အဦ အသစ်သည် အလျား ၂၈၀ ပေ၊ အနံ ၄၆၇ ပေရှိသော မြေပေါ်တွင် ၁၈၀ ပေ၊ ၁၅၀ ပေ ကျယ်ဝန်းသည့် သံကူကွန် ကရစ် ၅ ထပ်အဆောက်အဦသစ် တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းဖြစ်ကာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ၂ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။