တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

    နိုင်ငံတော်အေးချမ်း သာယာစေရန်၊ နိုင်ငံအဝန်း ဘေးအန္တရာယ်ကင်းရှင်းစေရန် နှင့် ပြည်သူများ စိတ်ကြည်နူးအေးချမ်းစေရန် ရည်ရွယ်၍ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မာရုံများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော် များနှင့် ဇယမင်္ဂလာ ဂါထာတော်များကို   ရွတ်ဆို ပူဇော်လျက်ရှိသည်။

    ယနေ့တွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ တိုင်းစစ် ဌာနချုပ်များရှိ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၌ အသီးသီး ရွတ်ဖတ်ပူဇော်ကြသည်။

    အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများသို့ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ဝတ်ရွတ် အသင်းများ တက်ရောက်၍ သံဃာတော်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် သက်ဆိုင်ရာ ဝတ်အသင်းများက အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါး ပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရယ်ကင်းပရိတ်တရားတော်များ၊ ပဋ္ဌာန်းဒေသနာ တော်များနှင့် ဇယမင်္ဂလာဂါထာတော်များကို အသီးသီး ဆက်လက်ရွတ်ဖတ် ပူဇော်ခဲ့ ကြကြောင်း သတင်းရရှိသည်။