(၄၀)ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်

(၄၀)ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၈

        (၄၀)ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသား ရိုးရာနှစ်သစ်ကူးပွဲ တော်ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်လီ ကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် လားဟူတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး တို့က နှစ်သစ်ကူးအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူး က (၄၀)ကြိမ်မြောက် ကျိုင်းတုံမြို့နယ် လားဟူတိုင်းရင်းသားရိုးရာနှစ်သစ်ကူးပွဲတော် အတွက် ထောက်ပံ့ငွေများပေးအပ်ရာ လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက လားဟူရိုးရာလက်ဆေးခြင်း မင်္ဂလာအခမ်းအနားကို ပြုလုပ်ကြပြီး ဒေသခံလားဟူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုမြေဝိုင်းအကဖြင့် ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။