အာဖဂန်နစ္စတန်၌ အအေးလွန်ကဲမှုကြောင့် သေဆုံးသူ ၁၆၆ ဦးအထိမြင့်တက်

အာဖဂန်နစ္စတန်၌ အအေးလွန်ကဲမှုကြောင့် သေဆုံးသူ ၁၆၆ ဦးအထိမြင့်တက်

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း အအေးလွန်ကဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၆၆ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၈ ရက်တွင်ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏အပူချိန်သည် ဇန်နဝါရီ ၁၀ ရက်မှစ၍ အပူချိန် အနုတ် ၃၃ ဒီဂရီစင်တီဂရိတ်အောက်တွင် ဆက်တိုက်တည်ရှိနေပြီး   ဆီးနှင်းများကျဆင်းမှု၊ လေအေးများပြင်းထန်စွာတိုက်ခတ်မှုနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတို့ကို  ရင်ဆိုင်နေရသည်။

ယခုသေဆုံးသူအရေအတွက်သည် နိုင်ငံအတွင်းရှိ ပြည်နယ် ၃၄ ခုအနက် ၂၄ ခုမှ ကောက်ယူရရှိထားသော အချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ကြောင်း သဘာဝဘေးစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သေဆုံးရသည့်အကြောင်းရင်းများမှာ ရေကြီးမှု၊ မီးလောင်မှုနှင့် ဓာတ်ငွေ့သုံးအပူပေးစက်များမှ ထွက်ရှိလာသော ဓာတ်ငွေ့များကို ရှူရှိုက်မိမှုတို့ကြောင့်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း ပြည်သူ ၃၈ သန်းရှိသည့်အနက် ထက်ဝက်ကျော်မှာ အစာရေစာ၀၀လင်လင် မစားရဘဲ ကလေးငယ် ၄ သန်းနီးပါးမှာ အာဟာရပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ထောက်ပံ့ရေး အေဂျင်စီများက သတိပေးထားသည်။

Ref:TST