အိန္ဒိယတိုက်လေယာဉ်နှစ်စင်းလေထဲတွင်တိုက်မိပြီးပျက်ကျလေသူရဲတစ်ဦးသေဆုံး

အိန္ဒိယတိုက်လေယာဉ်နှစ်စင်းလေထဲတွင်တိုက်မိပြီးပျက်ကျလေသူရဲတစ်ဦးသေဆုံး

အိန္ဒိယလေတပ်မှ တိုက်လေယာဉ်နှစ်စင်းသည် ဇန်နဝါရီ ၂၈ ရက်၌ လေထဲတွင် တိုက်မိပြီး ပျက်ကျမှုဖြစ်ပွားရာ လေသူရဲတစ်ဦးသေဆုံးသွားကြောင်းသိရသည်။

တိုက်လေယာဉ်နှစ်စင်းသည်  နယူးဒေလီမြို့တောင်ဘက်၌ လေ့ကျင့်ခန်းများ လုပ်ဆောင်နေစဉ် တိုက်မိခြင်းဖြစ်ပြီး လေသူရဲနှစ်ဦးမှာမူ ဒဏ်ရာရရှိသွားသည်။

အဆိုပါတိုက်လေယာဉ်နှစ်စင်းသည် ၎င်းင်းတို့ပျက်ကျရာနေရာမှ  အရှေ့ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ ဂွာလီယာ လေတပ်စခန်းမှ နံနက်ပိုင်းတွင်ထွက်ခွာလာခြင်းဖြစ်ပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင်မူ ပျက်ကျမှုဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့ထံသို့သတင်းပေးတိုင်တန်းမှုရောက်ရှိလာခြင်းဖြစ်သည်။

ယင်းလေယာဉ်များအနေဖြင့်    ပုံမှန်ပျံသန်းမှုလေ့ကျင့်ခန်းများကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိ သူလေသူရဲ နှစ်ဦးအနက်တစ်ဦးမှာ စိုးရိမ်ရကြောင်းနှင့် ယခုဖြစ်စဉ်ဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း လေတပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယလေတပ်အနေဖြင့် ပြီးခဲ့သည့် လများအတွင်း မတော်တဆမှုများစွာနှင့် ရင်ဆိုင်ထားရကာ  အောက်တိုဘာလတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စစ်သည်ငါးဦးကိုလည်းကောင်း၊  ယင်းမတိုင်မီတွင် ချီတာရဟတ်ယာဉ်တစ်စင်းပျက်မှုကြောင့် လေယာဉ်မှူးတစ်ဦးကိုလည်းကောင်း ဆုံးရှုံးထားကြောင်း သိရသည်။      

Ref: CNA