နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူငယ်စကားဝိုင်းကျင်းပ

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး    တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ) တို့ပူးပေါင်း၍   ဇန်နဝါရီ  ၂၇  ရက်က နည်းပညာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌  လူငယ်စကားဝိုင်းကျင်းပသည်။

ရှေးဦးစွာ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ်  ဒေါက်တာတင်ဝင်းမွန်က   အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်   ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ် (တောင်ငူ) သုတနည်းပညာဘာသာရပ်(ပထမနှစ်)မှ မဝတ်မှုံခင်က လူငယ်နှင့် စာဖတ်ခြင်း၊ သုတနည်းပညာဘာသာရပ် (ပထမနှစ်) မှ မသက်နန္ဒာဆုက လူငယ်နှင့်ကျန်းမာရေး၊ အီလက်ထရွန်နစ် ဘာသာရပ်(ပထမနှစ်)မှ   မဟန်မေဇင်ဇော်ဝင်းက လူငယ်နှင့်မီဒီယာ၊ လျှပ်စစ်စွမ်းအား ဘာသာရပ်(ပထမနှစ်)မှ မဆုလာဘ်ဌေးက လူငယ်နှင့်စာရိတ္တ၊ မက္ကထရွန်နစ်ဘာသာ ရပ်(ပထမနှစ်)မှ   မောင်ဝင်းမိုးထိုက်က လူငယ်နှင့်ကြီးပွားရေး  စသည့်ခေါင်းစဉ်တို့ကို  တစ်ဦးချင်းအလိုက်  ဆွေးနွေးကြသည်။

အဆိုပါလူငယ်စကားဝိုင်းအား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊    လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့်   အလေ့ အကျင့်ကောင်းများရရှိစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာ၊ အတတ်ပညာ ဗဟုသုတများ ဖလှယ်နိုင်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့