အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂၉

          အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇမ္ဗူအေးဘုရားကုန်း၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိကြသည့် အသင်းများအား တိုင်းမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          အဆိုပါ ထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်နှင့် မော်လမြိုင်တပ်နယ်၊ မုဒုံတပ်နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။