ကျောက်တံခါးမြို့နယ်၊   ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းရှိ တံတားအမှတ်(၁/၅) ကွန်ကရစ်တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

ကျောက်တံခါးမြို့နယ်၊   ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်းရှိ တံတားအမှတ်(၁/၅) ကွန်ကရစ်တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၂၉

            ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းရှိ တံတားအမှတ်(၁/၅) ကွန်ကရစ်တံတား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ နရွဲပင်ကျေးရွာ၊ ပဲနွယ်ကုန်း-ကျောက်ကြီးကားလမ်း မိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံအနီးရှိ အရှည် ၁၅ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ ပေခန့်ရှိ တံတားအမှတ်(၁/၅) ကွန်ကရစ် တံတားအား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ ထိပ်နှစ်ဖက်မှာ ကတ္တရာလမ်း အစပ်မှ ၁ ပေခန့်စီ ကွဲအက်ပျက်စီးကာ တံတားဝဲဘက်လက်ရမ်းသည် လမ်းနှင့် ၁ ပေခန့် နိမ့်ဆင်းပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးသွားသည့် တံတားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးအတွက် ပြန်လည်ပြင်ဆင် နိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။