နောင်ချိုမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး

နောင်ချိုမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်   နောင်ချိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့်  ဘန့်ဘွေးကျင်းကျေးရွာအုပ်စု တောင်ကုန်းစံကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဇန်နဝါရီ ၂၈ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းမှာ လမ်းအရှည် ၆၁၅ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မ ရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း   (VDP)ရန်ပုံငွေကျပ်သိန်း  ၁၀၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်  ၁၀ သိန်းဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ဒုတိယပတ်တွင်   ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို   မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးမြင့်ထွေးဝင်းနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

တောင်ကုန်းစံကျေးရွာ၌   ကျေးရွာနေ  အိမ်ထောင်စု ၁၄၅ စု၊ လူဦးရေ ၄၀၀ ကျော်အတွက်    လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး   လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်ကြောင်း သိရသည်။