၂၀၂၂ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် ခရီးသည်နှစ်သန်းကျော်နှင့် လေကြောင်း ခရီးစဉ်ပေါင်း သုံးသောင်းကျော်ကို ဝန်ဆောင်မှုများပေးနိုင်ခဲ့

၂၀၂၂ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် ခရီးသည်နှစ်သန်းကျော်နှင့် လေကြောင်း ခရီးစဉ်ပေါင်း သုံးသောင်းကျော်ကို ဝန်ဆောင်မှုများပေးနိုင်ခဲ့

ရန်ကုန်  ဇန်နဝါရီ    ၂၉

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့်၂၀၂၂ ခုနှစ်အတွက် လေဆိပ်အသုံးပြုသူဆိုက်ရောက်၊  ထွက်ခွာခရီးသည်ပေါင်း၂၁၄၉၂၀၂ ဦးနှင့် လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၃၃၇၅၀ ကြိမ်အထိ ဝန်ဆောင်မှုများပေးနိုင်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့့် Yangon Aerodrome Company Limited (YACL) မှသိရသည်။

YACL  အနေဖြင့် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန DCA နှင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (ICAO) တို့၏လမ်းညွှန်ချက်များအတိုင်း လိုက်နာ၍ ပွင်းလင်းမြင်သာမှုရှိစွာ ဝန်ဆောင်မှုပေးလျက်ရှိရာ  နိုင်ငံတကာလေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှုများအတွက်လည်း သက်ဆိုင်ရာမိတ်ဖွဲ့အဖွဲ့အစည်းများနှင့်ပူးပေါင်းလျက်ရှိပြီး လေဆိပ်ဝန်ဆောင်မှုအသုံးပြုသူ ခရီးသည်များ သိရှိလိုက်နာရန် ခရီးသွားရာနိုင်ငံအလိုက် လိုအပ်သောဆိုက်ရောက် ထွက်ခွာပြည်အဝင်အထွက် ကန့်သတ်ချက်များကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်အသိပေးလျက်ရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏  ဆိုက်ရောက်၊ ထွက်ခွာခရီးသည်    ၇၂၃၅၄၀ ဦးနှင့် လေကြောင်းခရီးစဉ်   ပျံသန်းပြေးဆွဲမှု အကြိမ်ရေ၂၀၉၉၁ ကြိမ်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ယင်းအပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင်   ဆိုက်ရောက်၊  ထွက်ခွာခရီးသည်၁၃၃၄၈၃ ဦးနှင့် လေကြောင်းခရီးစဉ်ပျံသန်းပြေးဆွဲမှုအကြိမ်ရေ ၂၇၀၃ ကြိမ်သာရှိခဲ့ပြီး နှစ်ကုန်ပိုင်းဒီဇင်ဘာလတွင် ဆိုက်ရောက်ထွက်ခွာခရီးသည် ၂၇၅၆၅၈ ဦးနှင့်  လေကြောင်းခရီးစဉ်ပျံသန်းပြေးစွဲမှု

အကြိမ်ရေ၃၃၈၈ ကြိမ်အထိ မြင့်တက်လာကြောင်း သိရသည်။     

  လင်းခန့်