ပါကစ္စတန်နိုင်ငံ၌ တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှုများဖြစ်ပွား

ပါကစ္စတန်နိုင်ငံ၌ တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှုများဖြစ်ပွား

 

ပါကစ္စတန်နိုင်ငံ၌ ဇန်နဝါရီ ၂၉ ရက် တစ်ရက်တည်းမှာပင် ယာဉ်မတော်တဆမှု များဖြစ်ပွားရာ   အနည်းဆုံးလူ ၅၁ ဦး သေဆုံးကြောင်း သိရသည်။

ပထမယာဉ်မတော်တဆမှုမှာ ဘတ်စကားတစ်စီးက တံတားပေါ်မှာပြုတ်ကျခြင်းဖြစ်ပြီး ဒုတိယယာဉ် မတော်တဆမှုမှာ ကလေးငယ်များလိုက်ပါလာသည့် လှေတစ်စင်းနစ်မြုပ်ခြင်း ဖြစ်သည်။

နိုင်ငံအနောက်တောင်ပိုင်း  ဘာလိုချီ စတန်ပြည်နယ်၌ဖြစ်ပွားသော ဘတ်စကား တစ်စီးက   တံတားပေါ်မှပြုတ်ကျမှုတွင် လူ ၄၁ ဦးသေဆုံးသည်။

အလားတူ နိုင်ငံအနောက်မြောက်ပိုင်း  ခိုင်ဘာပတ်တန်ခွာပြည်နယ်၌   ဖြစ်ပွားသော လှေနစ်မြုပ်မှုအတွင်း အနည်းဆုံးကျောင်းသား ၁၀ ဦးသေဆုံးပြီး ကိုးဦးမှာပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း   တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

ခရီးသည် ၄၈ ဦးကိုတင်ဆောင်ကာ ကတ်တာမြို့မှ ကရာချိမြို့သို့ ညလုံးပေါက် မောင်းနှင်လာသော   ဘတ်စကားသည် ဘီလာမြို့မြောက်ပိုင်းရှိ တံတားတိုင်တစ်ခုကိုတိုက်မိပြီးနောက် တံတားပေါ်မှ ပြုတ်ကျသွားခြင်းဖြစ်ပြီး ယာဉ်မောင်းမှာအိပ်ပျော်သွားခြင်း ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သုံးသပ်ထားသည်။

Ref: Bangkok Post