စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံ၏  စက်ပစ္စည်း ကိရိယာများ အမြန်ဆုံး တပ်ဆင်စမ်းသပ် လည်ပတ်မှုပြီးစီးမှသာ သံစိမ်းထုတ်လုပ်မည့် လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်ရန်လို

စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံ၏  စက်ပစ္စည်း ကိရိယာများ အမြန်ဆုံး တပ်ဆင်စမ်းသပ် လည်ပတ်မှုပြီးစီးမှသာ သံစိမ်းထုတ်လုပ်မည့် လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်ရန်လို

နေပြည်တော် ဇန်နဝါရီ ၂၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း စက်ရုံ၌ ပြုပြင်တည်ဆောက်လျက်ရှိသည့် ဆေးဝါးစက်ရုံ၏ သမိုင်းပြတိုက် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက်  ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည်  ရှမ်းပြည်နယ်  တောင်ကြီးမြို့နယ် ပင်းပက်ဒေသရှိ အမှတ်(၂)သံမဏိစက်ရုံ  (ပင်းပက်)သို့ရောက်ရှိပြီး   စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အလုပ်ရုံရှိ ရေနွေးငွေ့သုံးတာဘိုင်၊ ဂျင်နရေတာများကို ရုရှားကျွမ်းကျင်ပညာရှင်များ စစ်ဆေးနေမှု၊ စစ်ဆေးတွေ့ရှိချက်တို့ကို လည်းကောင်း၊ တပ်ဆင်ပြီးစီးနေသည့်   အခြားစက်ပစ္စည်းများ၏    အခြေအနေကို လည်းကောင်း စစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံ၏   စက်ပစ္စည်းကိရိယာများ အမြန်ဆုံးတပ်ဆင် စမ်းသပ်လည်ပတ်မှု ပြီးစီးမှသာ သံစိမ်းထုတ်လုပ်မည့်လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်၍ လုပ်ငန်းများကို လျင်လျင်မြန်မြန် ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တပ်ဆင်မှုလုပ်ငန်းများတွင် ပါဝင်၍ နည်းပညာများ လွှဲပြောင်းရရှိအောင် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း  မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေး ခန်းမ၌ ဝန်ထမ်းများ နှင့်တွေ့ဆုံပြီး စက်ရုံ၌ အလုပ်ရုံ ၂၂ ရုံရှိသည့်အနက် အလုပ်ရုံ ၁၉ ရုံအား No Load Test ဖြင့် ဇန်နဝါရီ ၂၁ ရက်တွင် အောင်မြင်စွာ စမ်းသပ်လည်ပတ် ပြီးစီးခဲ့ကြောင်း၊ အဓိကအလုပ်ရုံသုံးရုံဖြစ်သည့် Romelt Shop , Heat Recovery Power Station နှင့် Air Separation Unit တို့ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလုပ်ရုံ တစ်ရုံချင်းအလိုက် အဆင့်အလိုက် ဆောင်ရွက်မည့် နည်းစဉ်များကို ကျေညက်အောင် လေ့လာထားရမည် ဖြစ်ကြောင်း၊  ကျွမ်းကျင်ပညာရှင်များထံမှလည်း နည်းပညာများ ရရှိအောင် လေ့လာသင်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊  သံမဏိထုတ်လုပ်သည့် လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော သံစိမ်းကုန်ကြမ်းများကို ရရှိအောင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး   ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံအစည်းအဝေးခန်းမ၌ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံရှိ စက်ပစ္စည်းများကို စစ်ဆေးလျက်ရှိသည့် ရုရှားနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံ၍ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်ရေး ဆောင်ရွက်မှုများ၌ ဆောင်ရွက်ဆဲ အလုပ်ရုံသုံးရုံ အနက် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အလုပ်ရုံရှိ စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်ရန်အတွက်   အမြန်ပြီးစီးအောင် ပူးပေါင်းဆောင်ရွက်ပေး၍ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ရုရှားနိုင်ငံမှ ပညာရှင်များကို သစ်သီးခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)၌ စွန့်ပစ်အပူသုံး၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်နိုင်ရန်အတွက် ရေနွေးငွေ့တာဘိုင်၊ ဂျင်နရေတာနှစ်လုံး တပ်ဆင်ရန် ဆောင်ရွက် နေစဉ် စီမံကိန်းလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရသဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေခြင်းဖြစ်ပြီး ယခုအခါ စီမံကိန်း လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေ၍ တာဘိုင်၊ ဂျင်နရေတာနှစ်လုံးအား အထိုင်ချတပ်ဆင်ခြင်းမပြုမီ ရုရှားပညာရှင်များမှ လာရောက်စစ်ဆေးနေခြင်းဖြစ်သည်။ ရေနွေးငွေ့သုံးတာဘိုင်၊ ဂျင်နရေတာနှစ်လုံးမှ စုစုပေါင်း ၄၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်ရာ စက်ရုံမှ ၃၂ မဂ္ဂါဝပ် ပြန်လည်အသုံးပြုပြီး ပိုလျှံသည့် ၈ မဂ္ဂါဝပ်ကို နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေး စနစ်အတွင်းသို့ ပို့လွှတ်ထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။