တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်သော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များမှ ရခိုင်ပြည်နယ်၊ စစ်တွေ မြို့သို့ ဆေး ၁၇၂၀၀ လုံးနှင့် ဆေးထိုးအပ် ၈၆၀၀၀ ချောင်း၊ သံတွဲမြို့သို့ ဆေး ၅၀၀၀ လုံးနှင့် ဆေးထိုးအပ် ၅၀၀၀၀ ချောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ဆေး ၁၄၀ လုံးနှင့် ဆေးထိုးအပ် ၇၀၀ ချောင်း၊ မတူပီမြို့သို့ ဆေး ၁၀၀ လုံးနှင့် ဆေးထိုးအပ် ၅၀၀ ချောင်း၊ မင်းတပ်မြို့သို့ဆေး ၁၀၀ လုံးနှင့် ဆေးထိုးအပ် ၅၀၀ ချောင်း၊ နေပြည်တော်သို့ ဆေး ၁၈ လုံးတို့ကို ယနေ့တွင် တပ်မတော် လေယာဉ် များဖြင့် ပို့ဆောင်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီး လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။