ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

     အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေး၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုတစ်ရပ်ကို မဲခွဲချမှတ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ဒေသခံပြည်သူများ စုပေါင်း၍ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အလိုမရှိ၊ ဒို့ပြည်တွင်းရေးစွက်ဖက်မှု များ အလိုမရှိ၊ အချုပ်အခြာအာဏာထိပါးသူ ဒို့ရန်သူ၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာ ဖြေရှင်းရေးဒို့အရေး၊ အကြမ်းဖက်အားပေးပြည်ပနိုင်ငံများအလိုမရှိ၊ အကြမ်းဖက် NUG၊ CRPH၊ PDF အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား ချက်ချင်းရပ်၊ ရဟန်းသံဃာများနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ် နေမှုများအား ချက်ချင်းရပ်စသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိ သည်။