ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ ၁ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

   တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၄ မိုင်ခန့်အကွာ၌ ရေဝင်နစ်မြုပ်နေသည့် ရွှေနဒီ - ၁၁၇ အမည်ရှိ ကမ်းနီးငါးကဲ့လှေ ၁ စီးအား တွေ့ရှိခဲ့သည်။

     အဆိုပါရေဝင်နစ်မြုပ်နေသည့် လှေပေါ်ပါ လှေသား ၉ ဦးတို့အား ဒေသခံ ငါးဖမ်းလှေပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်သို့ ကယ်ဆယ် တင်ဆောင်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။