မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။

    အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့သည်။

     ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာန များတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန် အတွက် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေတွင် ရွှေထည် ၁၃ ကျပ်သား ၈ ပဲ၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၄၆ ကျပ်သား ၂ ပဲ ၆ ဒသမ ၈ ရွေး၊ ကျောက်မျိုးစုံ ၄၁ ကျပ်သား ၂ ပဲ၊ ပုလဲ ၇ ကျပ်သား ၃ ပဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေထည်နှင့်  ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သားကျော်တို့ကို လက်ခံရရှိပြီးဖြစ်ကြောင်းနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဌာပနာသွင်းလှူပူဇော် ရန်အတွက် အဖိုးတန်ကျောက်မျက်ရတနာများ၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော် များ၊ ဆင်းတုတော်များ၊  နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို လက်ခံရရှိပြီး ဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါ သည်။