ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွမ်မိုင်ရပ်ရှိ တိုင်းနေနာရေးကူညီမှုအသင်း ရုံးအသစ်ဖွင့်လှစ်

ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွမ်မိုင်ရပ်ရှိ တိုင်းနေနာရေးကူညီမှုအသင်း ရုံးအသစ်ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ စွမ်မိုင်ရပ်ရှိ တိုင်းနေနာရေးကူညီမှုအသင်းရုံးအသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၃၀ ရက်တွင် အဆိုပါရုံး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ နာရေးကူညီမှုအသင်းသား များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူး၊ တိုင်းနေနာရေးကူညီမှုအသင်းနာယက၊ ကွရင်စီသီလရှင်ကျောင်း မှ ဆရာလေးနှင့် တိုင်းရင်းသားပေါင်းစုံ လူမှုကူညီရေးအသင်းဥက္ကဋ္ဌတို့က တိုင်းနေ နာရေး ကူညီမှုအသင်းရုံးအသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ များ ရိုက်ကြသည်။ ထို့နောက် တိုင်းမှူးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးအတွက် ဂုဏ်ပြမှတ်တမ်း လွှာနှင့် တိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ငွေများကိုလည်းကောင်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက စေတနာထား၍ တည်ဆောက်ပေးသော MINN PIONEER GROUP COMPANY အား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ အလှူရှင်များက အလှူငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူကြပြီး တိုင်းနေနာရေးကူညီမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။