တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့ နယ်အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့ နယ်အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ်အတွင်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ၁၇၉၈ ဦးအား ၎င်းမြို့ရှိ ဦးဟိုက်ပင့်တံတား ဆိပ်ကမ်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၄၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၂၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆၈ ဦး၊ ကလေးရောဂါ ၇၃ ဦး၊ အရိုးအကြောရောဂါ ၃၆၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၄၃ ဦး၊ မျက်စိရောဂါ ၄၁၉ ဦးနှင့် သွားရောဂါ ၁၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၅၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄၀ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၈၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၈၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများ အား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။