တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက်ဆောင်ရွက်

တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

            တပ်မတော်တွင် ဒုတိယအကြိမ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ ကို ယနေ့တွင်  မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်၁၀၀၀)ရှိ အထူးကုသမှု စင်တာ၌ ဆက်လက်ပြုလုပ်သည်။

            အသည်းအစားထိုးခွဲစိတ်ကုသမှုမှာ ဦးသောင်းဝင်းနှင့် ၎င်း၏ အသည်း အလှူရှင်ဖြစ်သော ဦးဖြိုးအောင်ဇင်တို့ကို ခွဲစိတ်ကုသဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

            အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၉နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီး ထုတ်ယူ ရရှိသောအသည်းကို ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အသည်းအစားထိုးခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန်၁၁နာရီခန့်ကြာမြင့် ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီး နောက်ပိုင်းကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး  လိုအပ်သောပြုစု ကုသမှုများကို အထူးကြပ်မတ်ကုသခန်း၌ သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။

            ထိုသို့အသည်းအစားထိုးခွဲစိတ်ကုသမှုကို ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ညွှန်ကြားရေးမှူးဗိုလ်ချုပ်ကိုကိုလွင်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။