၂၀၂၃ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန် (ဇုန်-၂) အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

၂၀၂၃ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန် (ဇုန်-၂) အားကစား ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၃၁

        ၂၀၂၃ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန် (ဇုန်-၂) အားကစား ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး တိုင်းဒေ သကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစားအဖွဲ့များအား လိုက်လံ နှုတ်ဆက်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ သရုပ်ပြဖျော်ဖြေတင်ဆက်ခြင်းတို့အား ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။