အီရန်အပေါ် အမေရိကန်၏မည်သည့်စစ်ရေးလုပ်ဆောင်မှုကိုမဆို စစ်ကြေညာခြင်းအဖြစ်သတ်မှတ်မည်

အီရန်အပေါ် အမေရိကန်၏မည်သည့်စစ်ရေးလုပ်ဆောင်မှုကိုမဆို စစ်ကြေညာခြင်းအဖြစ်သတ်မှတ်မည်

အမေရိကန်က    အီရန်နိုင်ငံအပေါ် ပစ်မှတ်ထားလုပ်ဆောင်သော  မည်သည့်စစ်ရေးလုပ်ဆောင်မှုကိုမဆို စစ်ကြေညာခြင်းအဖြစ်သတ်မှတ်မည်ဟု  ကုလသမဂ္ဂဆိုင်ရာအီရန်သံရုံးက  ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်သည်။

အီရန်နိုင်ငံ   အစ္စဖာဟန်ပြည်နယ်၌ မကြာသေးမီက   ဒရုန်းတိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် အီရန်သံရုံး၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်အနေနဲ့    ကြည့်မယ်ဆိုရင်မည်သည့်အတိုင်းအတာအားဖြင့်မဆိုလုပ်ဆောင်တဲ့ အမေရိကန်၏ စစ်ရေးနည်းအရဆောင်ရွက်မှုက  အမေရိကန်အနေနဲ့စစ်ပွဲထဲဝင်လာတယ်လို့  သတ်မှတ်မှာဖြစ်ပါတယ်ဟု သံရုံးကပြောသည်။

ထို့ပြင် အမေရိကန်အနေဖြင့် အတွက်မှားပြီးစစ်ပွဲကို စတင်လိုက်ပါက ဒေသတွင်းနှင့်ကမ္ဘာပေါ်တွင်ဖြစ်ပွားသော    ပဋိပက္ခအတွက် အမေရိကန်တွင်သာတာဝန်ရှိမည်ဖြစ်ကြောင်း၊  ယင်းသို့ဖြစ်လာလျှင် အီရန်နိုင်ငံက  ကိုယ့်လုံခြုံရေးကို  အဓိကဦးစားပေးဆောင်ရွက်မည်ဖြစ်သည့်အပြင် နိုင်ငံ၏အကျိုးစီးပွားများကို   ကာကွယ်သွားမည် ဖြစ်ကြောင်း သံရုံးက အမေရိကန်နိုင်ငံထုတ်    မဂ္ဂဇင်းတစ်စောင်သို့ပြောသည်။

ဇန်နဝါရီ  ၂၈ ရက်ညက   အီရန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိစစ်ဘက်ဆိုင်ရာလုပ်ငန်းတစ်ခု၌ ပေါက်ကွဲ မှုများဖြစ်ပွားသည်။ အသေးစားဒရုန်းများက လက်နက်တိုက်တစ်ခုကို တိုက်ခိုက်သော်လည်း  ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း တာဝန်ရှိသူများကထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို အစ္စရေးနိုင်ငံက လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူ အချို့ကပြောကြောင်း  The Wall Street ဂျာနယ်ကဖော်ပြထားသည်။

ထို့ပြင် ယင်းတိုက်ခိုက်မှု၌ အမေရိကန်က ပါဝင်ပတ်သက်ခြင်း မရှိကြောင်း  ငြင်းဆိုထားသည်ဟု သိရသည်။

Ref: Sputnik