၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များအား ဂုဏ်ပြု 

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲတွင် မွန်ပြည်နယ်ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များအား ဂုဏ်ပြု 
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁
    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် မွန်ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်နှင့်အတူ  ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့သည့် ယိမ်းအဖွဲ့များ၊ အထိမ်းအမှတ် ပြခန်းနှင့် တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းတို့တွင် ကြိုးပမ်းပါဝင်ဆောင် ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အသင်းအဖွဲ့ များအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပါဝင်ခဲ့ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ယိမ်းအဖွဲ့များနှင့် အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။ ယင်းနောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်ပါဝင် ဆောင်ရွက်ခဲ့သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
    ဆက်လက်၍ တက်ရောက်လာကြသူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဗွီဒီယိုမှတ်တမ်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။