နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ဆက်လက်သက်တမ်းတိုးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောထားပြန်ကြား

နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေကြေညာထားသည့်ကာလအား ဆက်လက်သက်တမ်းတိုးမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက သဘောထားပြန်ကြား
နေပြည်တော် ဖေ ၁
    လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၆ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်များပြီးမြောက်ပြီဖြစ်ကြောင်း အစီရင်ခံတင်ပြရ မည့်အခြေအနေ မဟုတ်သေးသည့်အပြင် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတစ်ဝန်လုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှစ၍ ဆက်လက်သက်တမ်းတိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိကို  ယာယီသမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့သဘောထားတောင်းခံခဲ့ကြောင်း၊ ယင်းသို့သဘောထားတောင်းခံမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမန်မဟုတ်သည့် အခြေအနေ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင်(၆)လအထိ ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက် နေ့မှစ၍ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် သဘော ထားပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။