တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့ နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) လပွတ္တာမြို့ နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂

    ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၂၁၃ ဦးအား ၎င်းကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၉ ဦး၊ ခွဲစိတ်ရောဂါ ၉၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၈ ဦး၊ ကလေးရောဂါ ၄၆ ဦး၊ အရိုးအကြောရောဂါ ၂၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၂၁ ဦး၊ မျက်စိရောဂါ ၂၄၃ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၄၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၂၁ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်း များနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၈၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၉၈ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

    ထို့ပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ပေါ်၌ တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့မှ သားဖွားမီးယပ်ပါရဂူ ဗိုလ်ကြီး ရန်ပိုင်ဦး ဦးဆောင်ပြီး လပွတ္တာ မြို့နယ်၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ ဒေါင့်ချောင်းကျေးရွာနေ ဦးကျော်ကျော်၏ ဇနီး ဖြစ်သူ ဒေါ်စနေမ ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် (၆ ပေါင်နှင့် ၆ အောင်စ)ရှိ သမီးမိန်းကလေးတစ်ဦးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ပြီး သမီးငယ် ကို မိုးရွှေဇွန် ဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။

    အဆိုပါကလးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဆုံးမွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ ၂၀၁၃ ခုနှစ် မှစ၍ ဆေးကုသမှုများ ပြုလုပ်ပေးမှုသမိုင်းမှတ်တမ်းတွင် ၂၅ ဦးမြောက်အဖြစ် အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။