နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော်  ဖေဖော်ဝါရီ  ၂

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့   အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဝန်ထမ်းများအား အဆိုပါ ဝန်ကြီးဌာန၌ တွေ့ဆုံပြီး နှုတ်ဆက် အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို လိုက်နာပြီး ဥပဒေဘောင်နှင့်အညီ နေထိုင်သွားကြရန်၊ ပါတီနိုင်ငံရေး ကင်းရှင်းပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားကြရန်၊ ဝန်ထမ်းအချင်းချင်း သဟဇာတဖြစ်အောင် တန်းတူညီမျှ ဆက်ဆံဆောင်ရွက်ကြရန်နှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် ပြောကြားသည်။

ထို့နောက်  တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယခုကဲ့သို့ ဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊  ဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ တက်ညီလက်ညီ ဆောင်ရွက်ပေး ကြစေလိုပါကြောင်း၊   နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်ကို မမေ့ကြရန် လိုကြောင်း၊ စည်းလုံး ညီညွတ်မှုသည် အရေးကြီးကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြရန်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ဦးထိပ်ပန်ဆင်ကြပြီး နိုင်ငံတော်၏ တာဝန်များကို ဆတက်ထမ်းပိုး ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က   ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး  အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့  တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။