အိန္ဒိယ၌ အသက်မပြည့်သူများနှင့်လက်ထပ်သူများနှိမ်နင်းရေးတွင် အမျိုးသား ၁ ၀၀ ကျော်ကိုဖမ်းဆီးထား

အိန္ဒိယ၌ အသက်မပြည့်သူများနှင့်လက်ထပ်သူများနှိမ်နင်းရေးတွင် အမျိုးသား ၁ ၀၀ ကျော်ကိုဖမ်းဆီးထား

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံပြည်နယ်၌ အသက်မပြည့်သေးသူများနှင့် လက်ထပ်သူများကိုနှိမ်နင်းရေး လုပ်ငန်းတွင် ရဲတပ်ဖွဲ့က အမျိုးသား ၁၈၀၀ ကျော်ကိုဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ထားသည်။

ရဲတပ်ဖွဲ့သည် အသက်မပြည့်သေးသူများနှင့် လက်ထပ်ထားသူများ၊ လက်ထပ်ရန်စီစဉ်ထားသူများ ဖမ်းဆီးနှိမ်နင်းရေး လုပ်ငန်းကို ဖေဖော်ဝါရီ ၂ ရက်တွင်စတင်လုပ်ဆောင်ခြင်းဖြစ်သည်။

ယခုဖမ်းဆီးမှုသည် အစပိုင်းသာရှိသေးကြောင်း၊   နောက်ပိုင်းတွင်  ထိုသို့သောအသက်မပြည့်သေးသည့်မ င်္ဂလာပွဲများအား မှတ်ပုံတင်ပေးသူများကိုလည်း ဖမ်းဆီးသွားမည်ဖြစ်ကြောင်း     ပြည်နယ်ဝန်ကြီးချုပ် ဟီမာတာဘီဆဝါဆာမာက သတင်းထောက် များကိုပြောသည်။

ကလေးသူငယ်များကိုလက်ထပ်မှုသည် အရွယ်မတိုင်မီ   ကိုယ်ဝန်ဆောင်ခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း၊ ထိုသို့ အရွယ်မတိုင်မီကိုယ်ဝန်ဆောင်ခြင်းကြောင့် မိခင်နှင့်    ကလေးသေဆုံးမှုနှုန်းများ မြင့်တက်လာရခြင်း ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးသူငယ်လက်ထပ်မှုနှုန်းအများဆုံးဖြစ်ပြီး ထိုသို့လက်ထပ်မှုပေါင်း ၂၂၃ သန်းဝန်းကျင် ရှိကြောင်း ကုလသမဂ္ဂကခန့်မှန်းထားသည်။အလားတူ    အသက်မပြည့်သေးဘဲ လက်ထပ်သူ ကလေးသူငယ်အရေအတွက်မှာ တစ်နှစ်လျှင် တစ်သန်းခွဲနီးပါးရှိသည် ဟု UNICEF ၏ ၂၀၂၀ ပြည့်နှစ်ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၌ အသက် ၁၈ နှစ်မပြည့်သေးသူများကို ထိမ်းမြားလက်ထပ်ခွင့်မပြုကြောင်း ဥပဒေပြဋ္ဌာန်း ထားသော်လည်း လူအချို့က ဥပဒေကိုမထီမဲ့မြင် ပြုလျက်ရှိကြောင်း သိရသည်။    

     Ref:CNA